Thursday, April 3, 2014

Hacking wpa2 wifi password without wordlists

Hacking wpa2 wifi password without wordlists >>> 

 ကျွန်တော်တို့တွေ wpa2 wifi password hack တဲ့ အခါ wordlist ကောင်းကောင်း မရှိတာပဲ ဖြစ်ဖြစ်၊ password က wordlists  ထဲမှာ မပါတာပဲ ဖြစ်ဖြစ် အကြောင်းအမျိုးအမျိုး ရှိတတ်ပါတယ်၊
အဲ့ အခါမျိုးမှာ ကျွန်တော်အခုသုံးမယ့် Reaver ဆိုတဲ့ wifi hacking tools ကိုသုံးပြီးတော့ hack နိုင်ပါတယ်၊
reaver က backtrack , kali , backbox  အကုန်လုံးလိုလိုမှာပါ ပါတယ်၊

အခု terminal ကို ဖွင့်ပြီး အောက်က command တွေကို တစ်ခုပြီးတစ်ခု ရိုက်ပါမယ်၊
# airmon-ng
# airmon-ng start wlan1
# airodump-ng mon0
အသေးစိတ်တော့ မရှင်းပြတော့ပါဘူး၊နားမလည်သေးဘူးဆိုရင် အရင်တုန်းကရေးထားတဲ့ Hacking wpa2 password with aircrack-ng ကို ကြည့်နိုင်ပါတယ်"
ပြီးရင်တော့ နောက်ထပ် command တစ်ကြောင်းထပ် ရိုက်ပါမယ်၊
 # wash -i mon0 -b mon0 -C -s

 ဒီလိုဆိုရင်တော့ reaver နဲ့ တိုက်လို့ရတဲ့ လိုင်း တွေပေါ်လာပါပြီ။
wps lock အောက်က No ဆိုတာတွေက Reaver နဲ့ တိုက်လို့ရတဲ့ လိုင်းတွေပါ။
Yes ဆိုရင်တော့ wps lock ဖြစ်နေတယ် Reaver နဲ့တိုက်လို့မရဘူးပေါ့။
ပုံမှန်အတိုင်း aircrack-ng နဲ့ပဲ ဆွဲရမှာပေါ့.. :D
ကဲ ဒါဆိုရင်တော့ ကိုယ် hack မယ့်လိုင်းကို ရွေးချယ်ရမှာပါ၊
command ကတော့.
# reaver -i mon0 -b CC:7A:30:01:C6:A9 -c 1 -vv --fail-wait=360
-b က BSSID
-c က channel ပေါ့
-vv က Display non-critical warnings ၊ ဒါကတော့ မထည့်လည်းရပါတယ်
ထည့်ရင်တော့ မျက်စိရှုပ်တာပေါ့၊ကျွန်တော်ကတော့ ရှုပ်တာပဲ ကြိုက်တယ်၊
ဒါကြောင့် ထည့်တယ်.. :P
--fail-wait ကတော့ Failures တွေ Errors တွေ တက်ရင် မပိတ်ဘဲနဲ့ စောင့်ပေးတဲ့ အချိန်ပေါ့.. 360 ဆိုတာ sec က ပါ, 1နာရီပေါ့
(-x = 360 ဆိုပြီးပေးလည်းရပါတယ်)

 ကဲ ဒါဆိုရင်တော့ ပုံမှာတွေ့တဲ့အတိုင်း တွေ လုပ်နေတာကို တွေ့ရပါမယ်။
Reaver ရဲ့ official website မှာကြာချိန်ကို 7နာရီကနေ 10နာရီ ထိ ကြာနိုင်တယ်လို့ ပြောထားပါတယ်၊
ဒီထက်လည်းကြာရင် ကြာနိုင်ပါတယ်၊ကိုယ် hack တဲ့ wifi လိုင်းပေါ် ၊ကိုယ့် computer ပေါ်တွေမှာ မူတည်ပြီး ကြာချိန်ပြောင်းလဲနိုင်ပါတယ်..
နောက်ဆုံးမှာ ဒီလိုလေးတွေ့ ရရင်တော့ ကြာချိန်တွေက စောင့်ရကျိုးနပ်မှာပါ..
 ကျွန်တော့် MSI i3 laptop လေးနဲ့ hack တာကတော့ 3351 sec(55 min) ကြာပါတယ်..crack speed က wifi လိုင်း နီးလေလေ ပိုကောင်းလေလေ၊ ပိုမြန်လေလေ ဖြစ်ပါတယ်.
ပြီးတော့ crack speed မြန်စေချင်ရင်
# reaver -i mon0 -b CC:7A:30:01:C6:A9 ဆိုတာနောက်မှာ --dh-small ဒါမှမဟုတ် -S ပောင်းပြီးတော့
# reaver -i mon0 -b CC:7A:30:01:C6:A9 -S လို့ရိုက်နိုင်ပါတယ်..
ဒါဆိုရင်တော့ password က 4c813c94bd59466e13a414e488621d65c208d7b997404ab90ab72cf243e0933a ဖြစ်ပါတယ်
WPS PIN က 01163933 ဖြစ်ပါတယ်
WPS PIN ကိုတော့ မှတ်ထားဖို့လိုပါတယ် ဒါမှ passowrd ပြောင်းသွားရင်တောင် ပြန် hack ရင် မြန်မှာပါ၊
ကဲဒါဆိုရင်တော့ wpa2 ကို wordlists မလိုပဲနဲ့ အချိန်ပေးပြီး နိုင်ပါပြီဗျာ..
အဆင်ပြေနိုင်ကြပါစေ...
**မကောင်းမှုသည် ဆိတ်ကွယ်ရာမရှိ**

Hacking wpa2 wifi password with aircrack-ng

Hacking wpa2 wifi password with aircrack-ng

wifi hacking ဆိုရင် aircrack-ng နဲ့ hack တာများပါတယ်။
Error နည်းပြီး အတော်လေး အဆင်ပြေတဲ့ tools ပါ။
wpa2  ကို hack မယ်ဆိုရင်တော့ wordlists ကောင်းကောင်း တော့လိုပါလိမ့်မယ်။
wordlists တွေကို google မှာ free download wordlists ဆိုပြီး ရှာနိုင်ပါတယ်၊link အတိအကျ တော့မပေးတော့ပါဘူး။
htttp://www.minsoeyarsar.com/ မှာလည်း ရှာနိုင်ပါတယ်။

ကျွန်တော်ကတော့ ပထမပိုင်း နဲ့ ဒုတိယပိုင်း ဆိုပြီး ခွဲလုပ်ပြသွားပါမယ်၊
ကဲ အခု စတော့မယ်ဆိုရင် backbox ကို boot လုပ်လိုက်ပါမယ်၊
ပြီးရင် Teminal ကို ဖွင့်လိုက်ပါ့မယ်၊
ပြီးရင် ပုံမှာပါတဲ့ အတိုင်း command တွေကို ရိုက်ပါမယ်။
# airmon-ng
# airmon-ng start wlan1  (wlan1 ဆိုတာက wifi adapter ကို ဖွင့်တာဖြစ်ပါတယ် ၊wlan0 ဆိုတာကတော့ laptop က wifi ဖြစ်ပါတယ် )
# airodump-ng mon0
ဒါတွေရိုက်ပြီးရင်တော့ wifiလိုင်း တွေကိုတွေ့ရမှာဖြစ်ပါတယ်၊
ပြီးရင်တော့ ကိုယ် hack ချင်တဲ့ လိုင်း တစ်ခုတည်းကိုပဲ ရွေးချယ်ရမှာ ဖြစ်ပါတယ်၊
Ctrl + C ကို နှိပ်လိုက်ရင်တော့ လိုင်းတွေထပ် မရှာတော့ပဲ ရပ်လိုက်မှာပါ၊
ဒီတော့မှ ကိုယ် hack ချင်တဲ့ လိုင်း ကို ရွေးချယ်ရမှာပါ၊
ကျွန်တော် hack မှာက GoodHands ဆိုတဲ့ လိုင်း ဖြစ်ပါတယ်၊
ESSID(wifiလိုင်းရဲ့ နာမည်)က GoodHands ပဲ ဖြစ်ပါတယ်။
အောက်မှာပေးထားတဲ့ command တွေရိုက်ရပါမယ်
# airodump-ng -w goodhands -c 8 --bssid CC:7A:30:01:36:C7 mon0
-w ကတော့ File name ပါ၊ကိုယ်ပေးချင်တာ ပေးလို့ရပါတယ်၊
-c ကတော့ လိုင်းရဲ့ channel ပါ၊တစ်ခုနဲ့ တစ်ခု မတူပါဘူး၊ လိုင်းပေါ်မှာ မူတည်ပြီးပြောင်းလဲ ပေးရပါမယ်၊ channel ကတော့ 1 ကနေ 14 ထိ ရှိပါတယ်
--bssid ကတော့ ထိပ်ဆုံးမှာ ရှိတဲ့ CC:7A:30:01:36:C7 ကို ရိုက်ပေးရမှာပါ၊
ဒါလည်း ပြောင်းလဲရပါမယ်

ဒါတွေရိုက်ပြီးသွားရင်တော့ ဒီအတိုင်းတွေ့ရမှာ ဖြစ်ပါတယ်။
Data  တွေ တက်နေတာကို တွေ့ရပါမယ်၊
နောက်ထပ် Terminal တစ်ခုထပ်ဖွင့်ပြီး၊ ဒါတွေ ရိုက်ရပါမယ်။
# aireplay-ng -0 0 -a CC:7A:30:01:36:C7 -c E4:D5:3D:BD:3D:1D mon0
-0 0 ဆိုတာကတော့ aireplay-ng ရဲ့  attack method ဖြစ်ပါတယ်၊
-a ကတော့ BSSID ကို ရိုက်ရမှာပါ
-c ကတော့ Station အောက်က ပေါ်တာကို ရိုက်ရမှာပါ၊
mon0 ကတော့ ထည့်ရမှာပါ

ပုံမှာအတိုင်း Deauth တွေ ပို့နေတာကိုတွေ့ရမှာပါ
စောင့်ရပါမယ်၊ စိတ်ရှည်ဖို့တော့လိုပါမယ်
ပြီးရင်တော့ အောက်ကပုံအတိုင်း အထက်ဆုံး ညာဘယ်ထောင့်မှာ wpa handshake ဆိုတာလေးကို တွေ့ရင်တော့ ပထမအဆင့် အဆင်ပြေပါပြီ၊

ဒါဆိုရင်တော့ password crack မယ့်အဆင့်ရောက်လာပါပြီ၊
password crack ဖို့အတွက် command ကတော့
# aircrack-ng -w /home/mrdolar/Desktop/wordlist/txt goodhands-01.cap
-w ကတော့ wordlist file ရဲ့  location ပါ၊တိတိကျကျ ညွန်းပေးဖို့လိုပါတယ်
မကျွမ်းကျင်ရင် တော့ Desktop ပေါ်မှာပဲထားပြီး /home/user/Desktop/wordlist/wordlist.txt ဆိုပြီးထားရင်ရပါတယ်
goodhands-01.cap ဆိုတာကတော့ ပထမတုန်းကပေးထားတဲ့ file name ပါ
တကယ်လို့ wpa2 လို့ပေးခဲ့ရင့်တော့ wpa2-01.cap လို့ပြင်ရေးရမှာပါ

ပြီးရင်တော့ စောင့်ရမှာပါ၊
ကျွန်တော် hack တဲ့ လိုင်းရဲ့  passowrd က လွယ်လို့ အတော်လေးကိုမြန်ပါတယ်၊
ပုံမှာတွေ့တဲ့အတိုင်း key found ဆိုတာလေးကို တွေ့ရင်တော့ အတော်လေးကို ပျော်ရမှာပါ :D
တွေ့တဲ့အတိုင်း password က လွယ်လွယ်လေးပါ။
**12345678**
ဒုတိယပိုင်း လို့ပြီးပါပြီ :D

ဒီမှာတစ်ခုပြောချင်တာက ပထမပိုင်းရပေမယ့် ဒုတိယပိုင်းရဖို့ဆိုတာ မသေချာပါဘူးဗျ
wordlist  ကုန်သွားပြီး password မတွေ့တာတွေလည်း ရှိပါတယ်
ကိုယ့်ဆီမှာ wordlists ကောင်းကောင်း မရှိရင် မရပါဘူး..

ဒါပေမယ့် wifi home user တွေက password ကို မေ့မှာစိုးလို့ လွယ်လွယ်ပဲ ထားတတ်ကြပါတယ်
ဒါဆိုရင်တော့ ကံကောင်းတာပေါ့ဗျာ :D
ကျွန်တော့်အတွေ့အကြုံနဲ့ရင်းပြီး တစ်ခုပြောချင်တာကတော့ လိုင်းတစ်ခုကို hack တော့မယ်ဆိုရင် မ hack ခင်မှာ password ကို 12345678 ဆိုတာလေးနဲ့ စမ်းကြည့်စေချင်ပါတယ်။
user တော်တော်များများက wifi password တွေကို 12345 တွေပဲ ပေးတတ်ကြလို့ပါ၊
ကျွန်တော်ကိုယ်တိုင်ကလည်း 12345678 နဲ့ပဲ နှစ်လိုင်းလောက်ကို ကောင်းကောင်းသုံးလို့ ရနေပါတယ် :D
ကဲ အဆင်ပြေနိုင်ကြပါစေ ဗျာ..

**မကောင်းမှုသည် ဆိတ်ကွယ်ရာ မရှိ**

Wednesday, April 2, 2014

Introducing to wifi hacking

Hacking wireless wifi network)))

hacking အကြောင်းစလေ့လာပြီဆိုရင် wifi hacking ကတော့ မသိတဲ့လူ မရှိသလောက်ပါပဲ။ ဒါကြောင့် wifi hacking အကြောင်း အထူးတလည်တော့ ပြောစရာ မရှိတော့ပါဘူး။ တော်တော်များများသိပြီးလောက်ပြီလို့
ထင်ပါတယ်။
အကျဉ်းချူပ်ပြောရရင်တော့ wifi hack တော့မယ်ဆိုရင်
1. laptop ဒါမှမဟုတ် wifi adapter နဲ့ desktop pc
   (wifi adapter ဆိုရင်တော့ Alfa AWUS036NH,TP-Link TL-WN7200ND တို့ဆိုရင်တော့ linux os တော်တော်များများနဲ့ အဆင်ပြေနိုင်ပါတယ်၊ကျွန်တော်ကတော့ TP-Link ကို သုံးတာပါ)
2. backtrack,kali,wifislax,backbox စတဲ့ linux os တစ်ခုခု(window နဲ့လည်းရပါတယ်၊ ဒါပေမယ့် linux က ပိုအဆင်ပြေမယ် ထင်လို့ပါ)
 ကျွန်တော်ကတော့ backbox ကိုပဲ သုံးပြီးပြသွားပါမှာ)
 linux os official  download link တွေကတော့..
1. kali >> http://www.kali.org/
2. backbox >> http://www.backbox.org/
3. backtrack >> http://www.backtrack-linux.org/‎

Backbox မှာ wifi hack ဖို့ tools တွေတော်တော်များများပါ ပါတယ်၊
ကိုယ်အဆင်ပြေတဲ့ဟာကို သုံးနိုင်ပါတယ်၊
wifite , aircrack-ng , fern-wifi-cracker , reaver , mdk3 စတဲ့ tools တွေကို သုံးနိုင်ပါတယ်၊
လွယ်လွယ်ကူကူနဲ့ hack ချင်ရင်တော့ wifite နဲ့ fern ကို သုံးနိုင်ပါတယ်၊
ကဲဒါဆိုရင်တော့  wifi hacking စတင်လို့ ရပြီထင်ပါတယ်။